ဆွမ်ပရာဘွမ် မေ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဂျေအားနာက အမှာစကားပြောကြားပြီး စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က ကျောင်းသူ၊ ကျောင်းသားများအား သင်တန်းအချိန်ကာလအတွင်း ဇွဲမလျှော့၊ စိတ်ဓာတ်မကျ ကြိုးစားသင်ယူ နိုင်တဲ့အတွက် သားတို့သမီးတို့အား ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
သင်တန်းကာလအတွင်း ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဂျေအားနာ၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့် မြို့နယ်ဒုတိယပညာရေးမှူး ဦးနေလင်းအောင်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)