ဆဒုံးမြို့၌ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဆဒုံး ​မေ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယ​နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဆဒုံးမြို့မှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်း က စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆဒုံး (ပြန်/ဆက်)