မိုင်းရယ်မြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-8) သင်တန်းဖွင့်လှစ်ပို့ချ

မိုင်းရယ် မေ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-8) သင်တန်းကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းမစတင်မီ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက သင်တန်းနှင့်ပတ်သက်သည့် သင်ရိုးနှင့်စည်းကမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။

မိုင်းရယ်မြို့နယ်တွင် သင်ရိုးသစ် (Grade-8)  သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမ စုစုပေါင်း (၈၄)ဦးရှိပြီး နည်းပြ(၇)ဦးဖြင့် အနီးကပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်ရိုးသစ် (Grade-8) သင်တန်းကို မေ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)