ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (၃၂၁၆၀၀)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည် မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ (၃၁၁၅၆၁)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးပြီး သူ(၁၀၀၃၉)ဦး စုစုပေါင်း(၃၂၁၆၀၀)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၁၆၆၃၅)ဦးနှင့် အသက်(၁၅)နှစ်နှင့်အသက်(၁၈)နှစ်အတွင်း သာမဏေနှင့် သီလရှင် (၁၂၀၅)ဦး အသက်(၁၈)နှစ်အထက် ပြည်သူ ပထမအသုတ်တွင် (၁၉၁၇၉)ဦး၊ ဒုတိယ အသုတ်တွင်(၂၈၇၄၄)ဦး၊ တတိယအသုတ်တွင်(၅၂၃၇၅)ဦး၊ စတုတ္ထအသုတ်တွင်(၂၇၈၃၂)ဦး၊ ပဉ္စမအသုတ်တွင်(၃၄၂၁၆)ဦး၊ ဆဋ္ဌမအသုတ်တွင် (၁၁၇၀၀)ဦး၊ သတ္တမအသုတ်တွင်(၁၆၅၄၀)ဦး၊ အဋ္ဌမအသုတ်တွင်(၆၅၅၇)ဦး၊ နဝမအသုတ်တွင်(၉၉၁၄၉)ဦး၊ ဒဿမ အသုတ်တွင် (၁၅၂၆၉)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၀၀၃၉)ဦး စုစုပေါင်း (၃၂၁၆၀၀)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေး အတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိပြီး စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)