ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှသောက်သုံး‌ရေလိုအပ်လျှက်ရှိသည့် ချောင်ဖီလာ ကျေးရွာနှင့်ပွင့်လင်းကျေးရွာသို့ ရေဂါလံ ၃၂၀၀ လှူဒါန်း

 

ညောင်ဦး  မေ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသည့် ချောင်ဖီလာကျေးရွာနှင့်ပွင့်လင်းကျေးရွာသို့ ယနေ့ နံနက် ၇ နာရီခွဲအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ (ဦးစီးအရာရှိ)ထံမှ သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေအတွင်းရှိသောက်သုံးရေလိုအပ်နေသော ချောင်းဖီလာကျေးရွာသို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ငြိမ်းချမ်းနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် သုံးဦးသည် သောက်သုံးရေ ၁၆၀၀ဂါလံကိုသွားရောက် လှူဒါန်းပြီး၊ တောင်ဇင်းနယ်မြေအတွင်းရှိ ပွင့်လင်းကျေးရွာသို့ သောက်သုံးရေဂါလံ ၁၆၀၀၊ စုစုပေါင်း ၃၂၀၀ ဂါလံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသောကျေးရွာများ၊ တဲတိုက်များအမြောက်အများရှိနေပြီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သောက်သုံးရေအကူအညီတောင်းခံလာပါက မိမိဌာနလုပ်ငန်းများအပြင်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။

ကိုထိန်၊ KPD