လှိုင် စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ပါဆယ်(Take Away)စနစ်ဖြင့် ရောင်းချနိုင်ရေး အသိပေးပြော ကြားခြင်း များကို ယမန်နေ့ညနေကစ၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်ကိုဗစ်-၁၉ ကော်မတီဝင် များက ရပ်ကွက် အတွင်းရှိ ဆိုင်များ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရန် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ ဆိုင်တွင်လာရောက် စား သောက်သူများအား ဆိုင်ထိုင်စား သောက်ခွင့်မပြုဘဲ ပါဆယ်(Take Away)စနစ်ဖြင့် သာ ရောင်းချရန်၊ ဈေးရောင်းသူများ အနေဖြင့်ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ လမ်းညွှန်ချက် ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲထားရန်၊ လက်ဆေးဘေစင် နှင့် Hand Gel များ ထားရှိရန်၊ ချက်ပြုတ်သည့် ဝန်ထမ်းများမှ သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချရန်၊ နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ လက်အိတ်များ ဝတ်ဆင် ပြီးမှ ရောင်းချရန်၊ ဈေးရောင်းသူနှင့် ဝယ်ယူသူ ကြားသတ်မှတ် အကွာအဝေးထားရှိရန်စသည့် ညွှန်ကြားချက် များကို တိတိကျကျ လိုက်နာရန်ဆိုင်ပိုင်ရှင်များ အား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ရပ်ကွက်(၁၆)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ် ဖြင့် ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ ကိုဗစ်-၁၉ ကော်မတီဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)