ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများ၌ ကိုဗစ်−၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လှည့်လည်နှိုးဆော်ပေး

ဒဂုံ(အရှေ့)စက်တင်ဘာ ၄

ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပညာပေးခြင်းနှိုးဆော်ချက် များအား ရန်ကုန် အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်( အရှေ့ပိုင်း) မြို့နယ် အတွင်းရှိ ရပ်ကွက် ပေါင်း(၃၂) ရပ်ကွက်တွင် ညစဉ်လှည့်လည် ကြေညာပေးခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး ၏ ကြီးကြပ်မှု ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေး လျက်ရှိပါသည်။

ထိုသို့ကြေညာရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား လက်များအား မကြာခဏ ဆေးကြော ကြရန်၊ အပြင်သို့သွားလျှင် Mask များ တပ်ဆင်သွား လာကြရန်၊ ပြည်ပမှဝင်ရောက်လာသူများနှင့် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန်၊  စားသောက်ဆိုင်များအား ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ကြရန်နှင့် ဒေသန္တရ အမိန့်များကို မလိုက်နာပါက တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းကို ပြည်သူများ သိရှိနိုင်ရန် ကြေညာ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)