မြောက်ဥက္ကလာပ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဝေငှခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဈ/ရတနာသိင်္ဂီဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်တိုင်းနှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရန် အသိပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်ခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ရန် နှင့် လူစုလူဝေးရှိရာနေရာများကို တက်နိုင်သမျှ မသွားရောက်ရန်၊ ဈေးသို့လာပါ က Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ရန် စသည့် အချက်များကို အသိပညာ ပေးပြောကြားခြင်းနှင့် Mask များကို မြို့နယ်ရဲတပ်ဖွဲ့၊ ဈ/ရတနာသိင်္ဂီဈေး သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံနှင့် ရုံးဝန်ထမ်းများ ပူးပေါင်း၍ ဈေးသွား၊ ဈေးလာပြည်သူများကို နှာခေါင်းစည်း Maskများ ဝေငှခဲ့ ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ နေထိုင်သွားလာစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ က မြို့နယ် အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)