ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ကွမ်းခြံကုန်း မေ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က စာပေချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့ဝင်များနှင့် (Women Club) ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်   ဒေါ်နန့်ရီရီချို (စာ/ထောက်-၃) က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏     ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများ အသင်း (Youth Club)အဖွဲ့ဝင် မောင့်မြင့်မြတ်က စာရေးဆရာချစ်နိုင် ရေးသားထားသည့် ဘဝထဲကသင်္ခန်းစာအုပ်ထဲမှာ ပါဝင်သည့်အကြောင်းအရာ များကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း အပြင်စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်း (Talk Show) နှင့် စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(ဆွေနွယ် IPRD)