မဲ​​ခေါင်-လန်ချန်း​ဒေသရှိ မက္က​ဒေးမီးယားခြံငယ်ရှင်များ၏  အ​ထောက်အပံ့ဖြင့် မက္က​ဒေးမီးယား ပျိုးပင်များနှင့်မက္က​ဒေးမီးယား ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ​ပေးအပ်ပွဲကျင်းပ

ပြင်ဦးလွင်  မေ  ၁၆

စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဆည်​မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုး​ရေးဦးစီးဌာန၊  မဲ​​ခေါင်-လန်ချန်း​ဒေသရှိ မက္က​ဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်​ရေးစီမံကိန်းအ​ထောက်အပံ့ဖြင့် မက္က​ဒေးမီးယားပျိုးပင်များနှင့် မက္က​ဒေးမီးယား ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ​ပေးအပ်ပွဲကို  ယ​မန်နေ့နံနက် ၉ နာရီက မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြန်မာ- ခါနန် ​​တောင်သူလယ်သမားနည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် မက္က​ဒေးမီးယားခြံငယ်ရှင်စိုက်ပျိုး​တောင်သူများ တက်​ရောက်ကြသည်။

ရှေးဦးစွာ  စိုက်ပျိုး​ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူးချုပ်၊  ဦးဇော်ထွန်းမြင့်က  အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး နှစ်ရှည်သီးနှံဌာနခွဲ ၊ ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်း​ထွေးမှ မက္က​ဒေးမီးယား ပျိုးပင်များနှင့် မက္က​ဒေးမီးယားထုတ်လုပ်မှုဆိုင်ရာ စက်ကရိယာများ​ပေးအပ်ပွဲ ကျင်းပ ​ဆောင်ရွက်မှုနှင့်ပတ်သက်၍ အ​သေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ​တာဝန်ရှိသူများမှ ​မက္ကဒေးမီးယားပျိုးပင်(၃၀၂၈၂)ပင်၊ မက္ကဒေးမီးယား ထုတ်လုပ်မှုဆိုင်ရာ  စက်ကိရိယာများဖြစ်သည့် မက္ကဒေးမီးယား အခွံမာခွဲကိရိယာ (၂၀၀)ခု၊  မက္ကဒေးမီးယား အခွံစိမ်းနွှာစက် (၆ ) လုံးတို့အား ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မက္ကဒေးမီးယား စိုက်ပျိုးတောင်သူ (၁၁၈) ဦးထံသို့  ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံများမှ လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်၊ ဒု-ပြည်နယ်ဦးစီးမှူး၊ ဦးမောင်မောင်အေးနှင့် မက္ကဒေးမီးယားစိုက်ပျိုး တောင်သူများကိုယ်စား၊ ရှမ်းပြည် နယ်၊ နောင်ချိုမြို့နယ်မှ ဒေါ်ရီရီမြင့်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။  

အဆိုပါစီမံကိန်းအား အမေရိကန်ဒေါ်လာ  ၃၈၄၃၀၀ ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ(၁-၁၀-၂၀၂၁) မှ (၃၁-၃-၂၀၂၃) ရက်နေ့အထိဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)