မြောက်ဥက္ကလာပ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ အသုံးပြုနိုင်ရန်အတွက် မီးသတ်ဌာနမှ ဝန်ထမ်းများ ကိုယ်တိုင် ပြုလုပ်ထားသည့် လက်ဆေးဆပ်ပြာနှင့် Mask များ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ရွှေပေါက်ကံမြို့သစ်နှင့် ဝေဘာဂီမြို့သစ် မီးသတ်စခန်းများရှိ လိုင်းခန်းနေ မိသားစု များ အသုံးပြုရန် လက်ဆေးဆပ်ပြာနှင့် Mask များကို ဒုတိယဦးစီးမှူး ဦးစည်သူမျိုးက တပ်ဖွဲ့ဝင်များအား ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်၊ စခန်းအပြင်ဘက် ထွက်ပြီး ပြန်လာတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန်၊ နှာခေါင်းစည်း Mask အား စနစ်တကျ တပ်ဆင်ရန်နှင့် ဒေသန္တရအမိန့်များကို လိုက်နာရန် စသည့် အချက်များကို အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)