ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

ရမ်းဗြဲ မေ ၁၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းဖွင့်လှစ်ပေးခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသာ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကာ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ထွန်းက သင်တန်းနည်းပြ ဆရာမ ဒေါ်ထွေးထွေးအား အမှတ်တရပစ္စည်း ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အဆင့်မြင့် အပ်ချုပ်စက်သင်တန်းမှာ သင်တန်းသူ(၂၀)ဦးအား (၂၅-၄-၂၀၂) ရက်နေ့မှ (၁၅-၅-၂၀၂၂) ရက်နေ့အထိ (၂၁)ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းသိန်းထွန်း