၂၀၂၂ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အခမ်းအနားကျင်းပ

မန္တလေး မေ ၁၆

၂၀၂၂ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အခမ်းအနားကို မန္တလာသီရိအားကစားကွင်း ဘက်စုံသုံးအားကစားခန်းမတွင် ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များတွင် (အမျိုးသား) အုပ်စု(က)တွင် ကျောက်ဆည်ခရိုင်၊ ရမည်းသင်းခရိုင်၊ညောင်ဦးခရိုင်၊မန္တလေးခရိုင်၊ အုပ်စု(ခ)တွင် ပြင်ဦးလွင်ခရိုင်၊ မိထ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် အမျိုးသမီးအုပ်စု(က) ပွဲစဉ်များတွင် မန္တလေးခရိုင်၊ မိထ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ အုပ်စု(ခ)တွင် ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်များက ပွဲစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  သိရသည်။

မန္တလေး(ပြန်/ဆက်)