တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မဟာဗောဓိပင်ဘုရား၌ ပင့်သံဃာ (၆၃) ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်း

တံတားဦး မေ ၁၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မဟာဗောဓိပင်ဘုရား ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပွဲအထိမ်းအမှတ်အဖြစ် မဟာဗောဓိပင်ဘုရားဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် ပင့်သံဃာ (၆၃) ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်းလောင်းလှူခြင်း အခမ်းအနားကို ယနေ့နံနက် () နာရီအချိန်က အဆိုပါဘုရားပရဝုဏ်အတွင်း၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ သူငယ်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်၊ မဟာဗောဓိပင်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မောင်နှင့်အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက သူငယ်တော်ကျေးရွာ သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ရေလည်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဘဒ္ဒန္တဝိလာသ အမှူးပြုသော ပင့်သံဃာ (၆၃) ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူပစ္စည်းအစုစုတို့ကို စာရေးတံမဲဖြင့် လောင်းလှူကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေခြင်းကိုကျင်းရာ ဆွမ်းလောင်းလှူပွဲသို့  ကြွရောက်လာကြသော စေတနာရှင်၊ အလှူရှင်များက သူငယ်တော်ကျေးရွာ သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ရေလည်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဘဒ္ဒန္တဝိလာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်အမျှပေးကြပြီး ဆရာတော်သံဃာတော် (၆၃) ပါးအား ဆွမ်းအလှူရှင် သူငယ်တော်ကျေးရွာ ဦးစိန်ဝင်း+ဒေါ်နန်းတင် မိသားစုက ဆွမ်းဆက်ကပ်လှူဒါန်းရာ စေတနာရှင်အလှူရှင်များအား ဦးစိုးဝင်း+ဒေါ်ခင်စန်းဝင်းမိသားစုက စတုဒီသာထမင်းများဖြင့် ဧည့်ခံ ကျွေးမွေးကြောင်းသိရသည်။

ရဲတင့်