ဒေါပုံမြို့နယ် အ.ထ.က (၁)တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade - 8) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းဖွင့်လှစ်

ဒေါပုံ  မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်‌၊ ‌ ဒေါပုံမြို့နယ် အ.ထ.က (၁)တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade - 8)သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်  တာ၀န်ခံက မြို့နယ်ပညာရေးမှူး ဆရာမကြီး‌ ဒေါ်သိင်္ဂီထွန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းအဆင့်နည်းပြဆရာကြီး ဦးထွန်းလင်းစိုးက (Grade -8) သင်ရိုးသစ်၏သွင်ပြင် လက္ခဏာများကို ဆွေးနွေး တင်ပြခြင်း၊ သင်တန်း‌နည်းပြ ဆရာမတစ်ဦးက သင်တန်းဆိုင်ရာ စည်းကမ်းများကို‌ ရှင်းလင်း‌ပြောကြားပြီး ဒေါပုံ မြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade - 8) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို ​ မေလ ၁၆ ရက်နေ့မှ ၁၈ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ၃ ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဒေါပုံ မြို့နယ်အခြေခံပညာ အလယ် တန်းအဆင့် (Grade - 8) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို (၁၆.၅.၂၀၂၂)ရက်နေ့မှ (၁၈.၅.၂၀၂၂) ရက်နေ့အထိ သင်တန်းသား(၄၄)ဦး၊ နည်းပြ(၇)ဦး၊ ရုံးအဖွဲ့(၂)ဦး၊ တက်ရောက်ကြပြီး သင်တန်းသား ပျက်ကွက်မှုမရှိပါကြောင်း တာ၀န်ခံက မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သိင်္ဂီထွန်းထံမှ သတင်းရ ရှိပါသည်။

သူဇာ၀င်း