ဘူးသီးတောင် မေ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်းကျေးရွာ၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ယာဉ်ဖြင့်ရေဂါလံ (၁၆၀၀)ခန့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးသိမ်းကျေးရွာတွင် ယခင်နှစ်က ရေ ခန်းခြောက်မှုမရှိဘဲ ယခုနှစ်တွင် ရေခမ်းခြောက် လာသောကြောင့် ဒုံးသိမ်းကျေးရွာသူ/ကျေးရွာသားများ အနေဖြင့် သောက်/ သုံးရေ ရှားပါး ပြတ်လပ်လျက်ရှိသည့်အတွက် ဒုံးသိမ်းကျေးရွာတွင် နေထိုင်သောအိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၇၅)ဦး ရှိသောကြောင့် သောက်/ သုံးရေ (၁၆၀၀)ဂါလံအား သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်ထံမှ သိရသည်။
လှကျော်( ပြန်/ဆက်)