ညောင်ဦး မေ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နန်းတော်ရာတဲတိုက်၊ ညောင်တိုတဲတိုက်နှင့် စံပြကျေးရွာသို့ ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး သောက်သုံးရေဂါလန် (၄၈၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း အကျိုးဆောင်များထံက သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် နန်းတော်ရာတဲတိုက်၊ ညောင်တိုတဲတိုက်နှင့် စံပြကျေးရွာသို့ ရေဂါလန် ၄၈၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေလှူဒါန်းသည့် စံပြကျေးရွာအတွက် ရေဂါလန် ၁၆၀၀၊ နန်းတော်ရာ တဲတိုက်အတွက် ရေဂါလန် ၁၆၀၀၊ ညောင်တိုတဲတိုက်အတွက် ရေဂါလန် ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၂၁၄၄၀၀) ဂါလန်အား ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊ KPD