မြောက်ဦးမြို့တွင် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရား၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်၌ ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲကျင်းပ

မြောက်ဦး မေ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ရခိုင်ရှေ့ဟောင်း သမိုင်းဝင်အထင်ကရ ဘုရားစေတီ၊ ပုထိုးများ ဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယ ပွဲတော်၌ ရခိုင်ရိုးရာ ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို နေ့လယ်၂ နာရီ အချိန်က ထုက္ကံသိမ် ဘုရားအနီး ကျင်ပြိုင်ပွဲကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရခိုင်ရိုးရာ ကျင်ပွဲတွင် ရခိုင်ပြည်နယ်အနှံ့မှ ကျင်ဝါသနာရှင်များ လာရောက်၍ ကျင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြပြီး ထိုကျင်ပွဲတွင် အကြီးတန်းဝင်ရောက်ယှဉ်ပြိုင်သူ ၂၆ ဦး၊ အလတ်တန်းဝင်ရောက်ယှဉ်ပြိုင်သူ ၁၂၅ ဦးနှင့် အငယ်တန်းဝင်ရောက်ယှဉ်ပြိုင်သူ ၂၀၀ ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုများမှာလည်း အကြီးတန်း ပထမဆု ၁၄ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၆ သိန်း ၊ စတုတ္ထဆု ၄ သိန်း၊ အလတ်တန်း ပထမဆု ၁၀သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယဆု ၅ သိန်း ၊ စတုတ္ထဆု ၃ သိန်း၊ အငယ်တန်းတွင် ပထမဆု ၈ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယဆု ၄ သိန်း ၊ စတုတ္ထဆု ၃ သိန်း အသီးသီးဆုချီးမြှင့်သွားမည်ဖြစ်သည်။ ရခိုင်ရိုးရာ ကျင်ပွဲကို လာရောက်ကြည့်ရှုကြသူ များပြားလျက်ရှိ၍ ဘုရားဖူးဧည့်သည်များနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)