ကျောက်တလုံးကြီးမြို့၌ စပါးစိုက်မျိုးစေ့ ထုတ်တောင်သူများအား ပိုးသတ်ဆေး အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးအပ်

 

ကျောက်တလုံးကြီး    စက်တင်ဘာ   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေး ပြည့်ဝသော မျိုးကောင်းမျိုးသန့် မျိုးစေ့စပါးထုတ်လုပ်နိုင်ရန် ယမန်နေ့ က ကျောက်တ လုံးကြီးမြို့၊ နောင်လုံ ရပ်ကွက်၌ စပါးစိုက်မျိုးစေ့ ထုတ်တောင်သူများကို အိမ်တိုင်ရာရောက် ပိုးသတ် ဆေးများ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ရာတွင် ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လက်ထောက် ဦးစီးမှူး ဦးခွန်မောင်ညာက စပါးစိုက်မျိုးစေ့ထုတ်တောင်သူများကို အရည် အသွေးပြည့်ဝသော စပါးမျိုး စေ့မျိုးကောင်းမျိုးသန့်အောင်မြင်စွာထုတ်လုပ်နိုင်ရန်နှင့် လှေးပိုး၊ ငမြောင် တောင်ပိုး၊ ဆစ်ပိုး၊ဖြုတ်ပိုး၊ ရွက်လိပ်ပိုး၊ ဖျက်ပိုးမွှားအန္တရယ်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပိုးသတ်ဆေးများကို ထောက်ပံ့ ပေးအပ် ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်စပါးစိုက်မျိုးစေ့ထုတ်တောင်သူ  များကိုယ်စား  ဦးသိန်းမောင်က  အိမ်တိုင်ရာ ရောက် ပိုးသတ် ဆေးများ ထောက်ပံ့ပေးအပ်သည့် ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနအား  ကျေးဇူးတင် စကား ပြောကြား ခဲ့ကြောင်း သိရသည် ။

မြဝင်း(ပြန်/ဆက်)