တိုက်ကြီး မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ကရင်ကျွန်းချောင်းကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးရာသီ ကျေးရွာသုံးထင်းစိုက်ခင်း၊ တစ်ရွာ ၂ ဧက၊ သစ်မျိုး - မန်ဂျန်ရှား (၂၄၂၀) ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ဝင်းမြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင်