လားရှိုး မေ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းအဆင့် Grade-11သင်ရိုးသစ် ပြည်နယ် အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အခြေခံပညာအထက်တန်းအဆင့် Grade-11သင်ရိုးသစ် ပြည်နယ်အဆင့်နည်းပြသင်တန်းသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ/ ဆရာမ(၂၃၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ(၃၀)ဦးတို့က မေလ(၁၆)ရက်မှ မေလ(၁၈) ရက်နေ့အထိ ပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသား ဆရာ/ဆရာမများမှ သင်တန်းပြီးဆုံးပါက မိမိတို့မြို့နယ်များတွင် ပြည်လည်ထပ်ဆင့် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ကျင်းပသော အခြေခံပညာအထက်တန်းအဆင့် Grade-11 သင်ရိုးသစ် ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူး၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)