လဲချားမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ်နည်းပြသင်တန်း ဖွင့်လှစ်

လဲချား မေ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ မြို့နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)အချိန်က အထက (လဲချား)ကျောင်း အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒု-မြို့နယ်ပညာရေးမှူး ဒေါ်မြမြသန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၊ သင်တန်းစည်းမျဉ်း/စည်းကမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ မြို့နယ်အဆင့်နည်းပြသင်တန်းသို့ မြို့နယ်အတွင်းမှ သင်တန်းသား/ သင်တန်းသူ၊ ဆရာ/ဆရာမ (၁၀၃) ဦး တက်ရောက်ကြပြီး နည်းပြအဆင့် ဆရာ/ဆရာမ (၇) ဦးတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သိပ္ပံ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်တို့အား မေ (၁၆) ရက်နေ့မှ မေလ (၁၈)ရက်နေ့ နံနက် (၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)