သင်္ဃန်းကျွန်း စက်တင်ဘာ ၄
သင်္ဃန်းကျွန်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီမှ ဦးဆောင်ကာ မိမိတို့မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Stay at home သတ်မှတ်ထားသော မြို့နယ်(၇)မြို့နယ်တွင် ပါဝင်သော သင်္ဃန်း ကျွန်း မြို့နယ်အတွင်းရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပါဆယ် Take away ဖြင့်သာ ရောင်းချစေရေး တို့အတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်မှ စတင်ကာ အသံချဲ့စက်များဖြင့် လိုက်လံကြေညာ၊ အသိပေးစာဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိပြီး လိုက်နာခြင်း အခြေအနေများကို COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ လိုက်လံကြပ်မတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း (၃၁)ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)