မိုင်းယန်းမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

 

မိုင်းယန်း       စက်တင်ဘာ     ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးတွင် စက်တင်ဘာလ(၃)ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  ပုံမှန် ကာကွယ် ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့‌ကြောင်းသည်။

မိုင်းယန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဌေး‌ဌေးခိုင်နှင့် ကျန်းမာရေးဝန်း ထမ်းများမှကြိုတင်ကာကွယ်ဆေးများထိုးနှံခြင်း၊မိခင်နှင့် ကလေး ကျန်းမာရေး စစ်‌ဆေးခြင်း၊ ကလေးငယ်များ၏ ကိုယ်အလေးချိန်တိုင်း တာခြင်း၊ မှတ်တမ်း စာရင်းပြုစုခြင်းများ ဆောင်ရွက် ခဲ့ကြ‌ကြောင်းသိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးခြင်းကို လစဉ်‌ဆောင်ရွက်လျက်ရှိရာ ယနေ့‌‌လာ‌ရောက် ထိုးနှံမှုတွင် မြို့ပေါ် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ် စုများမှ မိခင်နှင့် ကလေးများအား ကျန်းမာရေး စောင့်ရှောက်မှုပေး ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)