ပါလျှံဘုန်းတော်ကြီးကျောင်းတိုက်၌ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းယန်း မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ပါလျှံဘုန်းတော်ကြီးကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ငြိမ်း) ဦးကျော်သူနှင့် ဇနီးဒေါ်လဲ့လဲ့ ကြည်မိသားစုတို့မှ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မိုင်းယန်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော် ဘဒ္ဒန္တနန္ဒဓဇ “သာသနတက္ကသီလဓမ္မာစရိယ”၊ “သဒ္ဓမ္မဇော တိကဓဇ” ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။

ထို့နောက် သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်အပ်သော ပရိတ်တရားတော်များ နာယူကြည်ညိုပြီး သံဃာတော်အရှင်သူမြတ်တို့အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ (ငြိမ်း) ဦးကျော်သူနှင့်ဇနီး ဒေါ်လဲ့လဲ့ကြည် မိသားစုတို့မှ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းယန်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဆရာတော် ဘဒ္ဒန္တနန္ဒဓဇ “သာသနတက္ကသီလ ဓမ္မာစရိယ”၊ “သဒ္ဓမ္မဇောတိကဓဇ”ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သာသနာပြုအဓိဋ္ဌာန် သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)