ညောင်ဦး မေ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နန်းတော်ရာ တဲတိုက်၊ ညောင်တိုတဲတိုက်နှင့် စံပြကျေးရွာသို့ မေ၁၅ရက်၊ နံနက်၈နာရီအချိန်မှ စတင်ပြီး သောက်သုံးရေဂါလံ(၄၈၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်းအကျိုးဆောင်များထံက သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် နန်းတော်ရာတဲတိုက်၊ ညောင်တိုတဲတိုက်နှင့် စံပြကျေးရွာသို့ ရေဂါလံ၄၈၀၀လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိသောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုသောက်သုံးရေလှူဒါန်းသည့် စံပြကျေးရွာအတွက် ရေဂါလံ၁၆၀၀၊ နန်းတော်ရာတဲတိုက်အတွက် ရေဂါလံ၁၆၀၀၊ ညောင်တိုတဲတိုက်အတွက် ရေဂါလံ၁၆၀၀လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ (၂၁၄၄၀၀) ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်နေပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD