ကွမ်းခြံကုန်းမြို့နယ်တွင် ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်

ကွမ်းခြံကုန်း စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှုများရှိလာပြီး ကူးစက်နှုန်း မြန်ဆန်လာသဖြင့် မြို့နယ်အတွင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေ ရေး အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက် များ သို့ ညမထွက်ရ ဒေသန္တရအမိန့်အား မော်တော်ယာဉ်ဖြင့် လိုက်လံကြေညာခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက် လာပါက သက်ဆိုင်ရာ ခွင့်ပြုချက် အရမှ အပ (၂၀၂၀)ပြည့်နှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့မှစ၍ နေ့စဉ်ည (၁၂)နာရီမှ နောက်တစ်နေ့ မနက်()နာရီအထိ ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း(mask)များ တပ်ဆင်၍ ထွက်ခွာသွား လာကြရန်၊ မိမိရပ်ကွက်၊ ကျေးရွာအုပ်စု အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူများ ရှိပါက သတင်းပေးပို့ တင်ပြကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်ခြင်း မရှိသူများအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး (၁၂)နာရီမှ မနက်()နာရီအတွင်း ညမထွက်ရဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုက်လံအသိပေး ကြေညာခဲ့ခြင်း ဖြစ်သည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)