အိမ်မဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့နှင့်ပြည်သူများက အိမ်မဲမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို တက်ရောက်လာသူများက "နမောတဿ"သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဖြစ်တော်မူသောကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက်ကြွရောက်တော်မူလာကြကုန်သောဆရာတော်အရှင်သူမြတ်များကမေတ္တာသုတ်ပရိတ်တရားတော်များကိုရွတ်ပွားသရဇ္ဇျာယ်ကြသည်။ ထို့နောက်အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ထွန်ဇော် ကသာသနာရေးဆိုင်ရာများကိုလျှောက်ထားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သံဃာတော်အရှင်မြတ်တို့အား ဆွန်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့်လှူဒါန်းဖွယ်ရာများကို လှူဒါန်းပေးခဲ့သည်။ ထို့နောက် နိုင်ငံတော် ဗဟိုဝန်ဆောင်ဖြစ်တော်မူသော ကွင်းကျောင်ပရိယတ္တိစာသင်တိုက်၏ပဓာနနာယက ဆရာတော်ထံ အနုမောဒနာတရာနာကြား၍ ရေဆက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသါသနံ စိရံတိဋ္ဌတု “ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်အတွင်းရှိ ဝါဆိုသံဃာ၊ သာမဏေ၊ သီလရှင်(၁၁၄၈) ပါး အားဆွမ်းဆန်တော် ၁၉၂ အိတ်၊ ဆီ ၅၇၄ ပိဿာ၊ ဆား ၅၇၄ ပိဿာ၊ ပဲ ၅၇၄ ပိဿာ စုစုပေါင်း တန်ဖိုးငွေ ၁၂၂၇၀၀၀၀ ကျပ်တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)