သံဖြူဇရပ် မေ ၁၅
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်၊၂၀၂၁ခုနှစ် သံဖြူဇရပ် မြို့နယ်၏(၄၄)ကြိမ်မြောက်အစိုးရ ပါဠိပထမပြန်စာမေးပွဲကျင်းပဖြေဆို ရာတွင်အောင်မြင်တော်မူခဲ့သည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂နာရီက သံဖြူဇရပ်မြို့ နန္ဒဝန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားသို့ ကြွရောက်တော်မူသည့်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့်ဆရာတော်ကြီးများထံမှ ပရိသတ်များက ရှစ်ပါးသီလခံယူပြီးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က မြို့နယ်၏သာသနာရေးဆိုင်ရာဆောင်ရွက်မှုများကို လျှောက်ထားသည်။ထိုနောက် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဆရာတော်ဘဒ္ဒန္တနန္ဒသာရ မှဩဝါဒက ထာမြွက်ကြားသည်။
ဆက်လက်ပြီး၊၂၀၂၁ခုနှစ်တွင် ကျင်းပခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့်၊ ပထမကြီးတန်း(၁၄)ပါး၊ပထမလတ်တန်း(၁၁)ပါး၊ပထမငယ်တန်း(၄၂)ပါး၊အခြေပြုမူလတန်း (၉၆)ပါး၊ စုစုပေါင်းသံဃာတော်နှင့်သီလရှင် (၁၆၃)ပါးတို့အား၊သံဖြူဇရပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အခမ်းအနားကျင်းပရေးကော်မတီဝင်များ၊ အလှူရှင်များမှ အောင်လက်မှတ်များဆက်ကပ်ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)