မြစ်သား မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှု ဖြင့် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့ နံနက်(၆)နာရီက ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဌောစေတီတော် ရှေ့၌ မြစ်သားမြို့နယ်ရှိ ဆရာတော်၊ သံဃာတော်(၁၀၈)ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ စုပေါင်းလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ။ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များက စုပေါင်း၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)