စဉ့်ကိုင်မြို့နယ်တွင် ဆရာတော်/သံဃာတော် (၁၀၈)ပါးအား ဆွမ်း/ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ စုပေါင်းလှူဒါန်းပွဲကျင်းပ

စဉ့်ကိုင် မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်(၆)နာရီက  တရုတ်စုရပ်ကွက်ရှိ  တိုက်ကျောင်း(ပရိယတ္တိစာသင်တိုက်) အတွင်း၌ စဉ့်ကိုင်မြို့နယ်ရှိ ဆရာတော်/ သံဃာတော်(၁၀၈)ပါးတို့အား ဆွမ်း/ ဆွမ်းဟင်းနှင့်  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေလှူဒါန်းမှု ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင် အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊  တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊   အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိသားစုစည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေး/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စေတနာရှင်အလှူရှင်များက စုပေါင်း၍ ဆွမ်း/ ဆွမ်းဟင်းနှင့်  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းဝင်းသန်း   (စဉ့်ကိုင်)