မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၌ ဆေးရည်စိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်

မိုင်းခုတ် မေ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကျေးရွာနေပြည်သူများအား ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက်   ဆေးရည်စိမ်ခြင်ထောင်များအား ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရည်စိမ်ခြင်ထောင်များကို ကျန်းမာရေးဝန်ကြီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင် မိခင်(၅၀)ဦးအတွက် တစ်ဦးလျှင်(၁)လုံးနှုန်းဖြင့် (၅၀)လုံး၊ မြောင်ဇီးရွာသစ်ကျေးရွာ၊ လီပေါ(၁) ကျေးရွာ၊ လီပေါ(၂)ကျေးရွာနှင့် ဝမ်ပျက်ကျေးရွာနေ အိမ်ထောင်စု(၁၅၀)အတွက် အိမ်ထောင်စု တစ်စုလျှင်(၁)လုံး နှုန်းဖြင့် (၁၅၀)လုံး၊ စုစုပေါင်း(၂၀၀)လုံးကို တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)