ကျောက်ဆည် မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၆)နာရီက သီရိသာသနာ့ဓမ္မာရုံတွင် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်းတိုက်ဆရာတော် အမှူးပြုသည့် ပင့်သံဃာ (၁၁)ပါးနှင့် မြို့နယ်အတွင်းရှိ စာသင်တိုက် (၁၄)တိုက်မှ သံဃာတော်(၉၇)ပါး စုစုပေါင်း သံဃာတော် (၁၀၈)ပါးတို့အား အာရုံဆွမ်း/ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္တုများ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်းတိုက်ဆရာတော်ကြီးထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ပင့်သံဃာဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် ကျောက်ဆည်တပ်နယ်မှ ဗိုလ်မှူးချုပ်သိန်းထွေးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲဥက္ကဋ္ဌနှင့် စေတနာရှင်၊ အလှူရှင်များက ပင့်သံဃာတော် (၁၀၈)ပါးအား ဝတ္ထုငွေ (၆၈)သိန်း ကိုးသောင်း ခုနှစ်ထောင်အား ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး သံဃာတော် (၁၀၈)ပါးအား ကျောက်ဆည်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထွေးနှင့်တပ်ရင်း တပ်ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အသင်းဝင်များ စေတနာရှင် အလှူရှင်များက ဆွမ်း/ဆွမ်းဟင်းများနှင့် လှူဖွယ်ဝတ္တုများကို စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
သက်မောင်