မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ

မရမ်းကုန်း မေ ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)၌ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ နာရီအချိန်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်) အခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦး​အောင်​ကျော်မိုး က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းတွင် သင်ကြားခဲ့ သည့် သင်ခန်းစာများ၊ သင်တန်းများ၏ သုံးသပ်အကြံပြုချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့​နောက် ညွှန်ကြား​ရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်​များ​ပေးအပ် ခဲ့ပြီး သင်တန်းသားကိုယ်စား လှယ်တစ်ဦးမှ ​ကျေးဇူးတင်စကား ပြန်လည်​​ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)