လမ်းမတော်မြို့နယ်တွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

လမ်းမတော် မေ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ တတိယအပတ် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းအဖြစ် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းသား/သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်၊ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့ နံနက်()နာရီက လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကျောင်းဝန်းရှိ ခြုံနွယ်များ၊ အမှိုက်များအား ရှင်းလင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေသည့် ဌာနဆိုင်ရာအဖွဲ့ အသီးသီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ကျော်ဆန်းမြင့်