ညောင်ဦး မေ ၁၄
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံ စေတီရင်ပြင်ပေါ်၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ ပင့်သံဃာ (၁၀၈)ပါးအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများ လောင်းလှူပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဂံ-ညောင်ဦးမြို့ပေါ် ပင့်သံဃာ(၁၀၈)ပါးမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ ရွှေစည်းခုံစေတီရင်ပြင်၌ ပင့်သံဃာ (၁၀၈) ပါးတို့အား စွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများ လောင်းလှူခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD