ကျောက်ပန်းတောင်း မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် သံဃာ(၁၀၈)ပါးတို့အား ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ပွဲ ကို ယနေ့ နံနက် (၆)နာရီက လယ်ယားတောင်ကျေးရွာအုပ်စုရှိ မြို့ဦးဆောင်စေတီဘုရား ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် သံဃာ(၁၀၈)ပါး ဆွမ်းဆန်တော် လောင်းလှူဆက်ကပ်ပူဇော်ပွဲကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စာသင်တိုက်ကြီးများနှင့် ဘုန်း တော်ကြီးကျောင်းများမှ ပင့်သံဃာ(၁၀၈)ပါးကြွရောက်တော်မူကြပြီး၊ ကျောက်ပန်းတောင်း တပ်နယ် တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် အလှူရှင်များ စုစုပေါင်း(၈၆၀)ဦးခန့်မှ ကြွရောက်အလှူခံတော်မူကြသည့် သံဃာတော် အရှင်သူမြတ်များနှင့် သာမဏေများအား ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုပစ္စည်း ခန့်မှန်းတန်ဖိုး ငွေကျပ် (၃၄၅၆၀၀၀)ဖိုးနှင့် နဝကမ္မအလှူငွေ (၃၂၄၀၀၀၀)ကျပ် စုစုပေါင်းတန်ဖိုးငွေကျပ်(၆၆၉၆၀၀၀)ကျပ်ခန့် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွမ်းတော်လောင်းလှူပူဇော်ပွဲသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဟိန်ဆက်နှင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ အဖွဲ့ဝင် ဦးရွှေပို၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းတို့က လှည့်လည် ကြည့်ရှုအားပေး၍ ကြည်ညိုပူဇော်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)