လွိုင်လင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်

လွိုင်လင် မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်း‌ရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက တောင်ကြီး- လွိုင်လင်- နမ့်စန် ပြည်ထောင်စုကားလမ်းမကြီး ဘေးဝဲယာတစ်လျှောက်ဆောင်ရွက်ကြသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် စစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း (၃၈၄)ဦးတို့က သန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး