မိုင်းရှူးမြို့တွင် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများစုပေါင်းဆောင်ရွက်

မိုင်းရှူး မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများက အမှတ်(၂)ရပ်ကွက် အရဟံစေတီတော်ပရဝုဏ် တစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍  အဆိုပါနေရာများတွင် အမှိုက်များနှင့် ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ  ခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက်သယ် ယာဉ်ဖြင့် သယ်ယူစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်