ဗန်းမော် မေ ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်းများ ပါဝင်နိုင်ရန် အခွင့်အလမ်းကို ဖန်တီးပေးခြင်း၊ တန်းတူညီမှုဖြစ်စေရန် ဖော်ဆောင်ပေး ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းသည် နိုင်ငံသားများအားလုံး၏ ဖွံ့ဖြိုးခြင်းဖြစ်သလို နိုင်ငံသားများအားလုံးကို ကာကွယ်ပေးရာလည်း ရောက်ပါကြောင်း၊ မိမိတို့ ခရိုင် အမျိုးသမီးကော်မတီမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ခရိုင် အမျိုးသမီးကော်မတီအတွင်းရေးမှူးမှ ဒေါ်ဥမ္မာဦးက ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကာ တက်ရောက်လာသည့် ခရိုင်အမျိုးသမီးကော်မတီဝင် များက အသီးသီးဆွေးနွေးခဲ့ပြီး ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက ပြန်လည်ပေါင်းစပ်ညှိနှိုင်း ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)