လှိုင်မြို့နယ်တွင် (Grade-5) သင်ရိုးသစ်သင်တန်းဆင်းပွဲ ကျင်းပ

လှိုင်  မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်ခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grede-5 သင်တန်းကို ယနေ့နေ့လည် (၂:၀၀)နာရီအချိန် က လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ/မများ၊ သင်တန်းသား/သူ၊ ဆရာ/မများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ အဖွဲ့ဝင်() ဗိုလ်မှူးသန်းမင်းအောင်တို့မှ အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်မှ သင်တန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းသားများကိုယ်စား ကျောင်းအုပ်ဆရာ ()ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ()ရက်ကြာဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ပို့ချပေးခဲ့ရာ သင်တန်းသူ၊သင်တန်းသား (၁၂၃)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)