ချောင်းဆုံ မေ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ကျေးရွာအတွင်း လူငယ်အဖွဲ့များမှ ဦးဆောင်၍ ကြီးမှူးကျင်းသည့် (၇၃)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ၊ မဟာဒုတ် မဲနှိုက်ပွဲနှင့် နတ်ရေကစားပွဲကို ယမန်နေ့မွန်းလွဲအချိန်က မုခနီးကျေးရွာ ဓမ္မသာလဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ နတ်ရေကစားပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် သက္ကာယ် တောင် ကျောင်းတိုက်ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူတော်မူပြီး သက်ကြီးပူဇော်ပွဲ အထိမ်းအမှတ်တရား ဟောကြားကာ ရဟန်းသံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်ခဲ့ကြသည်။ ယင်းနောက် ကျေးရွာအတွင်းရှိ (၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၂)ဦးတို့အား ကျေးရွာလူငယ်အဖွဲ့မှ လူငယ်များက ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွားများကို ဆန်၊ ဆီနှင့် လက်ဆောင်ပစ္စည်းများအပြင် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၁၅၀၀ဝိ/-)ကျပ်နှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)