အမရပူရ မေ ၁၃
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံရှေးဦးသူနာပြု (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးညွန့်ဝင်းမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ သင်တန်းတွင် ထူးချွန်သူ ပထမ၊ ဒုတိယ၊ တတိယဆုများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။
အဆိုပါ ကြက်ခြေနီသူနာပြုသင်တန်းတွင် သွေးနှင့်ပတ်သက်သော ပြုစုနည်းများ၊ အရိုးကျိုးပြုစုနည်းများ၊ အဆိပ်ရှိသတ္တဝါအန္တရာယ်ကုသနည်း၊ ပတ်တီးစည်းနည်း၊ သတိလစ်မေ့မြောသူ CPR ပြုလုပ်နည်းနှင့် နှလုံးနှိုးဆွနည်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)