လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကြီးမူလတန်းကြိုကျောင်းတွင် ကလေးသူငယ် ၃၀၀ ဦးအား လက်ခံပြုစုလေ့ကျင့်ပေး

တောင်ကြီး မေ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းအား မေလ ၂ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကလေးသူငယ် ၃၀၀ ဦးအား လက်ခံပြုစုလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မူလတန်းကြိုကျောင်းတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာဘက်စုံဖွံ့ဖြိုးမှုများ ရရရှိစေရေးအတွက် ကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့်သင်ကြားနည်း၊ အခြေခံပန်းချီဖြင့်သင်ကြားနည်း၊ လက်မှုဖြင့်သင်ကြားနည်းများကို ၃ နှစ်မှ ၅ နှစ်အရွယ်ကလေးများအား အသက်အရွယ်အပိုင်းအခြားအလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာဝင်းထံက သိရသည်။

ဇော်နိုင်လင်း