မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်

မော်လမြိုင်    မေ ၁၃

မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅ )နှစ်အောက် အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီခွဲအချိန်က ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် အသက်၂၅နှစ်အောက် အမျိုသားဘော်လီဘောယှဉ်ပြိုင်နေသည့် ရေးမြို့နယ်အသင်းနှင့် သံဖြူဇရပ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှူ့အားပေးခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ SEA Game ပြိုင်ပွဲတွင် ပြည်နယ် ဂုဏ်ဆောင်၍ သွားရောက်ယှဉ်ပြိုင် ကြသည့် အားကစားသမားများအတွက် ဂုဏ်ပြုငွေကျပ်(၂၄)သိန်းကို ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်း ထွန်းကပေးအပ်ရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်က လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိကြသည့် အကောင်းဆုံး ဆုရရှိသူ အမျိုးသား/အမျိုးသမီး၊ ပူးတွဲတတိယဆုရရှိသည့် မော်လမြိုင်နှင့် ဘီးလင်းမြို့နယ် အမျိုးသမီးအသင်းတို့အားလည်ကောင်း၊ ပူးတွဲတတိယဆုရရှိသည့် မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ် အမျိုးသားအသင်းတို့အားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရေးမြို့နယ် အမျိုးသား/အမျိုးသမီး ဆုများအားလည်ကောင်း တာ၀န်ရှိသူ အသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုနောက် ၀န်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော သံဖြူဇရပ်မြို့နယ် အမျိုးသမီးအသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်စန်းစန်းလွင်က ပေးအပ်ပြီး ပထမဆုရရှိသော သံဖြူဇရပ်မြို့နယ် အမျိုးသားအသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေကို ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်းက ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုနောက် ၁၀ မြို့နယ် အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းက ပြန်လည်ထွက်ခွာခဲ့ကာ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် အမျိုးသား ဘော်လီဘောအသင်းတို့က စတင် ယှဉ်ပြိုင်ခဲ့ကြသည်။

မွန်ပြည်နယ်၀န်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/သမီး ဘော်လီဘော ပြိုင်ပွဲသို့ အသင်း(၁၀)သင်းက တစ်သင်းလျှင်အားကစားသမား( ၂၃) ဖြင့် မေလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်