တွံတေးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တွံတေး မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေး၊ ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ကျောင်းသန့်ရှင်းစေရေး ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည် တူးဖော်ခြင်းများ၊ ကျောင်းဆောင်များ သန့်ရှင်းရေးအား  တွံတေးမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့နံနက် ၇နာရီက အဆိုပါ ကျောင်းဝန်း အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ မြို့ဌာနဆိုင်ရာ များမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား (၀၀)ဦးခန့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း အမှိုက်များ၊ မြက်များ၊ ခြုံနွယ်များ စုပေါင်းသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးသား