ကွမ်းခြံကုန်း မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစံညီ စာကြည့်တိုက် (၅) တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကွမ်းခြံကုန်းမြို့နယ်အတွင်း စံညီစာကြည့်တိုက် (၅) တိုက်ရှိပြီး အဆိုပါစာကြည့်တိုက်များကို ရှင်သန်ဖွံ့ဖြိုး တိုးတက်စေလိုကြောင်း၊ ဆက်လက်ပြီးလည်း စာအုပ်စာစောင်များ တိုးပွားလာအောင်ဆောင်ရွက် ရန်လိုကြောင်း၊ ရရှိလာသောစာအုပ်စာစောင်များ ရည်ရှည်တည်တံအောင်ထိန်သိမ်းရန် လိုအပ်ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ညီလက်ညီ ပူးပေါင်းပါဝင်လာမှသာ ရှင်သန်ခိုင်မာသည့် စာကြည့်တိုက်အဖြစ် ရည်ရှည်တည်တံ့မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးက စာအုပ်စာစောင်များလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ၌ မြို့နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက်များကို ရှင်သန်စေလိုကြောင်း၊ ယနေ့ လှူဒါန်းခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ လှူဒါန်းရရှိသော စာအုပ်များကို မြို့နယ်များအတွင်းရှိ ရှင်သန်နေသော စာကြည့်တိုက်များသို့ လှူဒါန်းခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေး၊ စာဖတ်ပရိတ်သတ် တိုးပွားလာစေရေးတို့အတွက် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးတို့ကျေးရွာ စာကြည့်တိုက် (၅) တိုက်ရှိ ကော်မတီတို့အား အသီးသီးပေးအပ် လှူဒါန်းခဲ့ကြရာ ကျေးရွာစာကြည့်တိုက် ကော်မတီ၀င်များမှ စာအုပ်စာစောင်များ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
(ဆွေနွယ်(IPRD)