မြစ်ကြီးနား မေ ၁၃
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီတိမ်းရှောင် စခန်းနေပြည်သူများ နေရပ်ပြန်ခြင်းနှင့် အသက်မွေးဝမ်း းကျောင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာယာယီ တိမ်းရှောင် စခန်းနေပြည်သူများ နေရပ်ပြန်လည်နေရာချထားခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးခြင်း လုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးဖြင့် ပေါင်းစပ်စီမံဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် ထိရောက်မြန်ဆန်ပြီး အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ပြည်နယ်အတွင်း နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်ပြည်သူများအတွက် နေရပ်ပြန်လည်နေရာချထားခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် တန်ဖိုးနည်းနေအိမ်များ အသစ်တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ တာဝန်ရှိသူများက နီပွန်ဖောင်ဒေးရှင်းနှင့် သဘောတူညီချက်အရ တန်ဖိုးနည်းအိမ်ဆောက်လုပ်ရေးထောက်ပံ့မှု စီမံကိန်းနှင့် နေရပ်ပြန်အ သက်မွေးဝမ်းကျောင်းထောက်ပံ့မှု စီမံကိန်းလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က လူသားချင်းစာနာထောက်ထားမှုအစီအစဉ်ဖြင့် နေရပ်ပြန်လည်နေရာချထားရေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းများ မြန်ဆန်စွာ ပြီးစီးရေး စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ(၆)နာရီခွဲတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့် ခေါင်လန်ဖူးဒေသ၊ ဆော့လော် ဒေသအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ပေးခဲ့သည်။
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာ လှိုင်လှိုင်ဌေးနှင့် လူမှုပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြည်နယ်အစိုးရ အဖွဲ့၏ စီမံထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြေပြန့်ဒေသများ သာမက တောင်ပေါ်ဒေသများတွင်ပါ လွှမ်းခြုံထိုးနှံပေးနိုင်ရေး ဝေးလံခက်ခဲသည့် ခေါင်လန်ဖူး မြို့နယ်၊ ဆော့လော်မြို့နယ်များအပါအဝင် အင်ဂျန်းယန်မြို့နယ်၊ ဗန်းမော်ခရိုင်နှင့် တနိုင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် ပတ်သက် ၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်နယ် အတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် မိမိတို့အစိုးရအဖွဲ့နှင့် အတူ ပူးပေါင်း၍ နယ်မြေအခြေအနေအရ သော်လည်းကောင်း၊ ဝေးလံပြီးသွားလာရခက်ခဲသည့် တောင်ပေါ်ဒေသများတွင် လည်းကောင်း အခက်အခဲ အသီးသီးကို ရင်ဆိုင်ဖြတ်ကျော်ကာ စေတနာအပြည့်အဝဖြင့် ယခုလို ဆောင်ရွက်ခဲ့ကြ သူများကို မိမိတို့အနေဖြင့် ဂုဏ်ပြုထိုက်သူများကို အသိအမှတ်ပြုဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း ကျေးဇူးတင်ဂုဏ်ပြု ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်