ကော့မှူးတွင် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ

ကော့မှူး မေ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ စံညီစာကြည့်တိုက် (၃) တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်ဦးသောင်းလှိုင်နှင့် မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်တို့က စံညီစာကြည့်တိုက် (၃) တိုက်အား ပိုမိုရှင် သန်ခိုင်မာစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်စာစောင်များအား ထပ်ဆင့်လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်ပေးသောစာအုပ်၊ စာစောင်များမှစာပေများကို ကျေးရွာအတွင်းရှိ စာပေချစ်မြတ်နိုးသူများ လေ့လာဖတ်ရူနိုင်ရေးအတွက် ရပ်ကွက် / ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာကြည့်တိုက်မှူးများနှင့် ကျေးရွာစာကြည့်တိုက် ကော်မတီများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်နိုင်‌ရေးနှင့် စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှု မရှိစေရေးဆောင်ရန် ရှောင်ရန်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးတင်လှိုင (စာရေးဆရာမြိုင်တင်လှိုင်) ကဝါးသင်္ခကျေးရွာဘဝအလင်း စာကြည့်တိုက်မှူး အားလည်းကောင်း၊ အဖွဲ့ဝင်ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က မှော်တောကျေးရွာ ကျေးလက်လမင်း စာကြည့်တိုက်မှူးအားလည်းကောင်း၊ အဖွဲ့ဝင်ဦးသောင်းလှိုင်က ဝါးသင်္ခအထက် ကျေးရွာမှ  ရှုခင်းသာစာကြည့်တိုက်မှူးတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး