တောင်ကြီး မေ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းကို ယနေ့နံနက် ၇ နာရီက စတင်ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးစိုးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ဟန်သီကို က သင်တန်းသူများအား အေရိုးဗစ် ၅ ဦးတွဲ အခြေခံ ၄၆ ကွက်ကို စတင်သင်ကြားပေးသည်။
အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းကို မေလ ၁၃ ရက်မှ မေလ ၂၂ ရက်အထိ ၁၀ ရက်အတွင်း နေ့စဉ်နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း